AutoCount POS

AutoCount POS- AutoCount Point of Sales (APOS) ဟာ မိမိလုပ်ငန်း၏ ကုန်ပစ္စည်းများ၊ အရောင်းစာရင်းနှင့် Customer ၏ အခြေအနေများကို လွယ်ကူစွာ သိရှိစေနိုင်ရန် အဓိက ရည်ရွယ်ထုတ်လုပ်ထားပါတယ်။ AutoCount POS – AutoCount Point of Sales (APOS) သည် Real-Time ဒေတာအချက်အလက်များကို တစ်ပြိုင်တည်းရယူသုံးစွဲနိုင်တဲ့Offline POSတခုဖြစ်ပါတယ်။Terminal တခုချင်းစီအတွက် database တွေပါရှိပြီး Server ကို သက်ရောက်မှုမရှိနိုင်ပါ ။AutoCount Point of Sales (APOS)ဟာ Microsoft SQL Server ကိုအသုံးပြုထားခြင်းကြောင့်database ကို back-end နှင့် front-end နှစ်ခုစလုံးအတွက် stable ဖြစ်စေပါတယ်။

APOS သည် AutoCount Accounting နှင့် ပေါင်းစပ်ထားပြီး စာရင်းပိုင်း, ကုန်ပစ္စည်းပိုင်း နှင့် invoicingပိုင်းအတွက် ပြုလုပ်ထားပါတယ်။ အင်တာနက်မှတစ်ဆင့် Server ပေါ်ရှိ ဒေတာများနှင့် စက်အတွင်းရှိဒေတာများကြား အလွယ်တကူ ကြည့်ရှုသုံးစွဲနိုင်ပါတယ်။

ဥပမာ ပြောရမည်ဆိုလျှင် အသုံးပြုသူဟာ အဓိကHQ Database Server မှOutlet POS Terminal ဆီသို့ အဓိက ဖိုင်များဖြစ်တဲ့ (အကြွေးရှင်များစာရင်း, ကုန်ပစ္စည်းစာရင်းများ, ကုန်ပစ္စည်း၏ ဈေးနှုန်းများ ကဲ့သို့သော) ဖိုင်များကို တစ်ပြိုင်နက်တည်း Synchronize လုပ်နိုင်ပါတယ်။ POS terminalများဆီမှလည်း HQ Main Database ဆီကို Link ချိတ်ပြီး ဆိုင်ခွဲများ၏ လက်ရှိပစ္စည်းစာရင်းများ၊ အခြားဆိုင်ခွဲများနှင့် ရုံးချုပ်၏ စာရင်းများကို တိုက်ရိုက်ကြည့်နိုင်ပါတယ်။ APOS မှာ ၊POS transactions များကို POS terminal တစ်ခုချင်းစီမှာ ပြုလုပ်ပေးပြီး HQ ရဲ့ ပင်မ Database Server သို့Synchronize လုပ်နိုင်ပါတယ်။HQ အနေနဲ့ လုပ်ငန်း၏ ကုန်ပစ္စည်းအခြေအနေကို အချိန်နဲ့ တစ်ပြေးညီသိရှိနိုင်မှာဖြစ်ပါတယ်။

FeaturesModulesRequirementBenefits

Front-End Features

  • ပို၍ မြန်သော character-based print ထုတ်ပေးခြင်း
  • Hold Bill and Recall Bill
  • Print ချက်ချင်း ထုတ်ပေးခြင်း ဒါမှမဟုတ် ပေးချေပြီးတဲ့နောက် print ထုတ်ပေးခြင်း
  • များစွာသော ပေးချေမှု နည်းလမ်းများ
  • အကြွေးရောင်းစာရင်း
  • Row အလိုက် Discount ပေးခြင်း နှင့် စုစုပေါင်း Discount ပေးခြင်း
  • အခြား database မှာ ကုန်ပစ္စည်းအခြေအနေများကို စစ်ဆေးခြင်း
  • ကုန်ပစ္စည်းများ ရှာဖွေခြင်း

Read More

APOS ဟာ အချိန်နှင့်အမျှ ဒေတာတွေကို ရယူသုံးစွဲနိုင်တဲ့ Offline POS ဖြစ်ပါတယ်။ POS terminal တခုချင်းစီဟာ ကိုယ်ပိုင် databaseဖြစ်ပြီး အခြား database ကို မှီခိုထားခြင်း မရှိပါဘူး။Terminal တစ်ခုတွင် failure ဖြစ်သော်လည်း အခြား POS လည်ပတ်ခြင်းကို ထိခိုက်စေနိုင်ခြင်း မရှိပါ။

Faster character-based printing

APOSတွင် အသုံးပြုသူကိုယ်တိုင် character-based printing နှင့် အတူ ပိုမို မြန်သော အမြန်နှုန်း ဖြင့် ငွေလက်ခံဖြတ်ပိုင်းကို ကိုယ်တိုင် print ထုတ်နိုင်ပါတယ်။ လက်ခံရရှိသော print ဟာ ရှင်းလင်းပြီး စာဖတ်ရန် လွယ်ကူပါတယ်။


လက်ခံရရှိသော print ထုတ်ပေးခြင်း

Hold Bill and Recall Bill

APOS ဟာ မပြီးပြတ်သေးသော အရောင်းစာရင်းများကို ယာယီသိမ်းဆည်းပေးထားနိုင်ပြီး အချိန်မရွေးပြန်လည်အသုံးပြုနိုင်ပါတယ်။

ချက်ချင်း print ထုတ်ပေးခြင်း နှင့် ငွေပေးချေပြီးတဲ့နောက် print ထုတ်ပေးခြင်း

APOS တွင် ကုန်ပစ္စည်းများ scan ဖတ်ပြီးသောအခါ သို့မဟုတ် ငွေပေးချေပြီးနောက် cash receipt print ထုတ်နိုင်ပါတယ်။

များစွာသော ငွေပေးချေမှုအတွက် နည်းလမ်းများ

APOS သည် ငွေလက်ခံရရှိမှုပြေစာတစ်ခုအတွင်း ငွေပေးချေမှု ပုံစံအမျိုးမျိုးကို အသုံးပြုနိုင်ရန် support ပေးထားပါတယ်။ ၀ယ်ယူသူဟာ ငွေသား ၊ အကြွေးဝယ်ကဒ် ၊ debit card ၊ voucher နှင့် ချက်လက်မှတ်များကို သုံးပြီးပေးချေနိုင်ပါတယ်။


ငွေလက်ခံရရှိမှုပြေစာတစ်ခုထဲတွင် များစွာသော ငွေပေးချေမှုနည်းလမ်းများ

Credit Sales

APOS သည် ယခုဝယ်ယူသူကှို နောက်ရက်ပေးချေနိုင်ရန် အကြွေးအရောင်းများကိုလဲ ခွင့်ပြုထားပါတယ်။

ရောင်းပေးသူများ၏ အရောင်းနှင့် အရောင်း ကော်မရှင်များကို Record လုပ်ထားခြင်း

Sales person များ၏ရောင်းအားများကို APOS မှာ မှတ်ထားပေးလို့ ရပြီး အရောင်းအစီရင်ခံစာနှင့် ကော်မရှင်အစီရင်ခံစာများကို နောက်ပိုင်းမှာ ပြန်ထုတ်ပေးလို့ ရပါတယ်။


Sales person များ၏ရောင်းအားအစီရင်ခံစာများကို မှတ်ထားပေးခြင်း

Row Discount and Total Discount

APOS တွင် ကုန်ပစ္စည်းအလိုက် သို့မဟုတ် စုပေါင်းရောင်းရတဲ့ ပမာဏ အပေါ် မူတည်ပြီး Discount များကို ရွေးချယ်နိုင်ပါတယ်။ Supervisor ၏ အတည်ပြုချက်ဖြင့် ကုန်ပစ္စည်းများတစ်ခုချင်းစီ၏ ဈေးနှုန်းများနှင့် Discount များကို ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။

အခြားdatabaseမှာ ကုန်ပစ္စည်း level ကို စုံစမ်းမေးမြန်းခြင်း

POS terminal မှ အခြား ဆိုင်ခွဲများ၊ ရုံးချုပ်မှာရှိတဲ့ ကုန်ပစ္စည်းအရေတွက်များကို တိုက်ရိုက်စစ်ဆေးနိုင်ပါတယ်။ POS terminal တစ်ခုချင်းစီမှာ HQ Mian Database Server ဆီသို့ ပြန်ပြီး အချက်အလက်ကို ပို့ဆောင်ပေးလို့ ရပါတယ်။


အခြား databaseတွင် ကုန်ပစ္စည်းများကို ရှာကြည့်နိုင်ခြင်း

အချက်အလက်များကို ရှာဖွေခြင်း

APOS မှာ ကုန်ပစ္စည်းအရေးအတွက် အချက်အလက်များကို ရှာဖွေရန် အသုံးပြုသူဟာ search တွင် ရှာဖွေလိုသည့် ကုန်ပစ္စည်းကို ရိုက်ကာ enter နှိပ်ခြင်းဖြင့် အလွယ်တကူရှာဖွေနိုင်ပါတယ်။

Back-End Features

Master-File စီမံခန့်ခွဲခြင်း

  • POS အသုံးပြုသူတွေကို ထိန်းသိမ်းပေးခြင်း
  • Terminal ထိန်းသိမ်းပေးခြင်း
  • Credit Card ထိန်းသိမ်းပေးခြင်း
  • အရောင်းဝန်ထမ်း ထိန်းသိမ်းမှု
  • အရောင်းဝန်ထမ်း၏ ကော်မရှင်နှုန်းထား ထိန်းသိမ်းမှု

ပို၍ဖတ်ရန်

APOS Back-End ကို Plug-Ins တစ်ခုအဖြစ် AutoCount Accounting တွင် ပြည့်စုံစွာ ပေါင်းစပ်ဖွဲ့စည်းထားပါသည်။ ထို့ကြောင့် AutoCount Accounting ထဲသို့ login ၀င်လိုက်သည်နှင့် POS menu ကိုအလွယ်တကူတွေ့မြင်နိုင်ပါသည်။ APOS Back-End မှာပါဝင်တဲ့ လုပ်ဆောင်ချက်များက APOS
user များနှင့် သက်ဆိုင်သည့် Master files များ၊ Terminal, အကြွေးဝယ်ကဒ်များ စသည်တို့ကို ထိန်းသိမ်းနိုင်ဖို့ ခွင့်ပြုထားပါတယ်။

အဆင့်မြင့်သော ဖိုင်များအားထိန်းသိမ်းပေးခြင်း

လူကြီးမင်းဟာ ကုန်ပစ္စည်းစာရင်းများပါသော master ဖိုင်များ ၊ APOS back-End ထဲက ဈေးနှုန်းများကို APOS Front-end ကနေပြီးတော့ ရယူနိုင်ပါတယ်။

POS အသုံးပြုသူများ ထိန်းသိမ်းမှု

ငွေလက်ခံသူနှင့် ပြန်လည်ရောင်းချသူတို့၏ အချက်အလက်များကို Password ဖြင့်ကာကွယ်ပေးထားပါတယ်။

POS အသုံးပြုသူထိန်းသိမ်းပေးခြင်း

Terminal ထိန်းသိမ်းမှု

စာရင်းအချက်အလက်များကို POS ပေါ်တွင် terminal နှင့် location များခွဲကာ ထိန်းသိမ်းထားနိုင်ပါတယ်။မည့်သည့်ကုန်ပစ္စည်းအမျိုးအစားမဆို Terminal အလိုက် လွယ်ကူစွာ စစ်ဆေးကြည့်ရှုနိုင်ပါတယ်။

အကြွေးဝယ်ကဒ် ထိန်းသိမ်းမှု

အကြွေးဝယ်ကဒ် ထိန်းသိမ်းမှုတွင် အသုံးပြုသူ၏ အကြွေးဝယ်ကဒ် ငွေပေးချေမှုပုံစံ ကို ထိန်းချုပ်နိုင်ပါတယ်။


Credit Card Maintenance

ရောင်းဝယ်သူအား ထိန်းးသိမ်းပေးမှု

Promoter များ၏ personal information များကို Promoter Maintenance တွင် ထိန်းသိမ်းနိုင်ပါတယ်။


အရောင်းဝန်ထမ်းများ၏ စာရင်းကို ထိန်းသိမ်းထားပေးခြင်း

Promoter များ၏အကျိုး ခံစားခွင့်များအား ထိန်းသိမ်းပေးခြင်း

Promoter များ၏ ကော်မရှင် အသေးစိတ်များကို ထိန်းသိမ်းပေးထားပါတယ်။


Promoter များ၏ ခံစားခွင့်များအား ထိန်းသိမ်းပေးခြင်း

ဒါ့အပြင် ကုန်ပစ္စည်း အချက်အလက်များကို AutoCount Accounting၏item maintenance ပေါ်တွင် အခြေခံပါတယ်။

Comprehensive Reports

  • ငွေသားပေးချေမှု မှတ်တမ်းများ
  • အကြွေးဝယ်ကဒ် မှတ်တမ်းများ
  • အကြွေးကဒ် မှတ်တမ်းများ
  • ချက်လက်မှတ် မှတ်တမ်းများ
  • Voucher မှတ်တမ်းများ
  • နေ့စဉ်ရောင်းအား မှတ်တမ်းများ
  • ငွေပေးချေမှု ခွဲခြမ်းစိတ်ဖြာခြင်း
  • အချိန် ခွဲခြမ်းစိတ်ဖြာမှု

ပို၍ဖတ်ရန်

APOS Back-End ဟာ ရောင်းအားအခြေအနေများအတွက် လိုအပ်သော အချက်အလက် များအားလုံးကို ပုံစံအမျိုးမျိုးဖြင့် အစီရင်ခံစာ ထုတ်ပေးလို့ရပါတယ်။ ငွေသားပေးချေမှုနှင့် လက်ခံရရှိမှု Report များ၊ Credit Card နှင့် Debit Card Report များ၊ ချက်လက်မှတ်Report များ၊ငွေပေးချေမှုReport များ၊ နေ့စဉ်အရောင်းReport များ၊ငွေပေးချေမှု ခွဲခြမ်းစိတ်ဖြာမှု Report များ၊ အချိန်ခွဲခြမ်းစိတ်ဖြာမှု Report များ၊ ရောင်းအားများ၏ ခွဲခြမ်းစိတ်ဖြာမှု Report များနှင့် ရောင်းအားအကျိုးအမြတ်Report များ ပါဝင်ပါတယ်။

လက်ခံရရှိမှု ငွေကြေးများ၏ မှတ်တမ်း

လက်ခံရရှိသော ငွေကြေးများ အ၀င်အထွက်များကို နေ့စွဲ၊စာရွက်စာတမ်း ရက်စွဲ၊ ရောင်းအား ပမာဏ၊စုစုပေါင်း ငွေပေးချေမှု၊ငွေသားဖြင့် ငွေပေးချေမှု၊ကြွေးဝယ်ကဒ်ဖြင့် ငွေပေးချေမှု၊ချက်လက်မှတ်ဖြင့် ငွေပေးချေမှု၊တာဝန်ခံယူမှု ဖြင့် ငွေပေးချေမှု စသည်ဖြင့် မှတ်တမ်းအချက်အလက်များကို အစီရင်ခံစာ အနေဖြင့် ထုတ်ပေးလို့ ရပါတယ်။


Cash Receipt Report

အကြွေးဝယ်ကဒ် မှတ်တမ်း

လူကြီးမင်း၏ ငွေကြေး အသွင်းအထုတ် အချက်အလက်များကို အကြွေးဝယ်ကဒ် ဖြင့် လုပ်ဆောင်ချက်များအား မှတ်တမ်းတင်ထားပြီး နေ့စွဲ၊ စာရွက်စာတမ်း ရက်စွဲ ၊ အကြွေးကဒ် နံပတ်၊ သက်သေပြရန် code ၊ ရောင်းအား ပမာဏ၊ စုစုပေါင်း ငွေပေးချေမှု မှတ်တမ်း များကို အစီရင်ခံစာ ထုတ်ပေးလို့ ရပါတယ်။

Credit Card Report

ပေးချေရန်ရှိသော ငွေစာရင်းမှတ်တမ်း

လူကြီးမင်း၏ အကြွေးဝယ်ကဒ်ဖြင့် ၀ယ်ထားသော ငွေကြေးအချက်အလက်များကို ရက်စွဲအလိုက်၊ ဖိုင်နံပါတ်အလိုက်၊ ငွေပေးချေမှု အလိုက်၊ ရောင်းအားနှင့် စုစုပေါင်း ပေးချေရမည့် ပမာဏအလိုက် အစီရင်ခံစာများကို ထုတ်ပေးပါတယ်။

Debit Card Report

ချက်လက်မှတ် မှတ်တမ်း

ချက်လက်မှတ် မှတ်တမ်းများဟာ လူကြီးမင်း၏ လုပ်ဆောင်ချက်များကို မှတ်တမ်းအားဖြင့် နေ့စွဲ၊ စာရွက်စာတမ်း နံပါတ်၊ ငွေပေးချေမှု စာရင်း၊ ရောင်းအားများ၏ပမာဏ၊ discount နှင့် စုစုပေါင်းငွေပေးချေမှုကို မှတ်တမ်းတင်ရန် ထောက်ပံ့ပေးပါတယ်။


Cheque Report

Voucher မှတ်တမ်း

Voucher မှတ်တမ်းများသည်ဘောင်ချာဖြင့် ပေးထားသော မှတ်တမ်းအားဖြင့် နေ့စွဲ၊ စာရွက်စာတမ်း နံပါတ်၊ ငွေပေးချေမှု စာရင်း၊ ရောင်းအားများ၏ပမာဏ၊ discount နှင့် စုစုပေါင်းငွေပေးချေမှုအစီရင်ခံစာများ ထုတ်ပေးနိုင်ပါတယ်။

Voucher Report

Front-end Module

  • ရောင်းအားများ
  • ကုန်ပစ္စည်းများ
  • ပမာဏ
  • ဈေးနှုန်း
  • ငွေကြေး
  • အကြွေးဝယ်ကဒ်
  • ပုံစံမျိုးစုံ ငွေပေးချေမှု
  • UOM ပြောင်းလဲခြင်း
  • ဖျက်ပစ်ခြင်း
  • နောက်ဆုံး လက်ခံရရှိသည့် receipt ကို ပြန်လည် print ထုတ်ပေးခြင်း
  • လက်ရှိငွေ လက်ခံရရှိသည့် receipt ကို ပြန်လည် print ထုတ်ပေးခြင်း

  • အစဉ်လိုက် discount
  • စုစုပေါင်း discount
  • Hold Bills
  • Recall Bills
  • ကုန်ပစ္စည်းများစစ်ဆေးခြင်း
  • ငွေပေးချေမှု အ၀င်
  • ငွေပေးချေမှု အထွက်
  • ငွေအံဆွဲ ဖွင့်ပေးနိုင်ခြင်း
  • အစီရင်ခံစာ
  • ငွေလက်ခံရရှိကြောင်း အစီရင်ခံစာ
  • Credit Cardအစီရင်ခံစာ

  • Debit Card အစီရင်ခံစာ
  • ချက်လက်မှတ်အစီရင်ခံစာ
  • Voucher အစီရင်ခံစာ
  • စာရင်းသွင်းထားသည်များကို ရှာဖွေခြင်း
  • နေရာချထားမှုပုံစံ
  • Password ပြောင်းလဲခြင်း
  • အကြံဥာဏ်ရွေးချယ်ခြင်း
  • အနီးစပ်ဆုံး counter တွင် ထုတ်ပေးခြင်း

Back-end Module

  • POS အသုံးပြုမှုကို ထိန်းသိမ်းပေးခြင်း
  • POS အသုံးပြုမှုကို ထိန်းသိမ်းပေးခြင်း
  • အကြွေးဝယ်ကဒ် ထိန်းသိမ်းပေးခြင်း
  • ရောင်းချပေးသူစာရင်းများ ထိန်းသိမ်းပေးခြင်း
  • ရောင်းချပေးသူများ၏ အကျိုးခံစားခွင့် နှုန်းများအား ထိန်းသိမ်းပေးခြင်း
  • ငွေကြေးလက်ခံရရှိမှု အစီရင်ခံစာ

  • အကြွေးဝယ်ကဒ် အစီရင်ခံစာ
  • Debit Card အစီရင်ခံစာ
  • Cheque Report
  • Voucher အစီရင်ခံစာ
  • နေ့စဉ် ရောင်းအားများ အစီရင်ခံစာ
  • ငွေပေးချေမှု ခွဲခြမ်းစိတ်ဖြာမှု အစီရင်ခံစာ

  • အချိန် ခွဲခြမ်းစိတ်ဖြာခြင်း အစီရင်ခံစာ
  • ရောင်းအား ခွဲခြမ်းစိတ်ဖြာမှုအတွက် ထောက်ပံ့ပေးထားးသူ
  • အကျိုးအမြတ်များ အစီရင်ခံစာအတွက် ထောက်ပံ့ပေးထားသူ
  • POS ရွေးချယ်ခြင်း
  • Posting လုပ်ပေးခြင်း
  • HQ တပြိုင်နက် အလုပ်လုပ်ခြင်း

POS Terminal

Software Components Minimum System Requirements
Operating System Windows 2000 Professional,
Windows XP,
Windows Vista
Database MSDE or SQL Express
Framework Microsoft .Net Framework 2.0
Networking TCP/IP networking
Hardware Components Minimum System Requirements
Processor Minimum 600MHz Pentium (Recommended Pentium 4)
Memory 256MB (Recommended 512MB)
Monitor SVGA with 65536 or more colors minimum 800×600 resolution (Recommended 1024×768 resolutions with 24-bit colors)
Free Disk Space 1 GB for installation, 4 GB for database and working
Printer Receipt Printer
Normal Impact Printer
Bar Code Scanner Any Keyboard-Input Bar Code Scanner
Cash Drawer Any Cash Drawer (Optional)
Customer Display Any Customer Display (Optional)

AutoCount Accounting Back-End

Software Components Minimum System Requirements
Operating System Windows 2000 Professional,
Windows XP,
Windows Vista
Database MSDE or SQL Express or licensed SQL Server
Framework Microsoft .Net Framework 2.0
Networking TCP/IP networking
Hardware Components Minimum System Requirements
Processor Minimum 600MHz Pentium (Recommended Pentium 4)
Memory 512MB (Recommended 1 GB)
Monitor SVGA with 65536 or more colors minimum 800×600 resolution (Recommended 1024×768 resolutions with 24-bit colors)
Free Disk Space 1 GB for installation, 10 GB for database and working

Real Time Update

APOS သည်ကုမ္မဏီ အဖွဲ့အစည်း၏ စာရင်းအချက်အလက်များကို up-to-date ပြုလုပ်ပေးပါတယ်။ Terminal မှ HQ သို့ Master Files များကို Synchronize လုပ်ပေးခြင်းကြောင့် စာရင်းအချက်အလက်များမှာ AutoCount Accounting တွင် update ဖြစ်စေနိုင်ပါတယ်။ HQ မှာရှိတဲ့ ကုန်ပစ္စည်း နောက်ဆုံး အခြေအနေများကိုလဲ ဆိုင်ခွဲတွေမှတစ်ဆင့် ကြည့်ရှုနိုင်ပါတယ်။

Comprehensive and Analytical report

APOSသည် လူကြီးမင်း လိုအပ်သော စီးပွားရေးနည်းဗျုဟာများကို အကောင်အထည်ဖော်နိုင်ရန် သတင်းအချက်အလက်များ ကို ထောက်ပံ့ပေးထားပါတယ်။ APOS သည် Customer များ၏ ငွေပေးချေမှု အမျိုးအစား များကို သတ်မှတ်ပေးခြင်း၊ ရောင်းအားအမြင့်ဆုံး အချိန်နှင့် နေ့ရက်တွေကို ခွဲခြားစိတ်ဖြာ ဖော်ပြနိုင်ခြင်းအပြင် အရောင်းဝန်ထမ်းများ၏ စွမ်းဆောင်ရည်အခြေအနေကိုလဲ တွက်ချက်ပေးပါတယ်။

စီးပွားရေးလုပ်ဆောင်ချက်များကို တွက်ချက်ခြင်း

APOS သည် သင့်လုပ်ငန်းစွမ်းဆောင်ရည်များ တွက်ချက်ပေးရန်အတွက် လိုအပ်သော အချက်အလက်များကို ထုတ်ပေးနိုင်ပါတယ်။ ယင်းအချက်အလက်ပေါ်မူတည်ပြီးတော့ ဆိုင်ခွဲတစ်ခုချင်းစီ နှင့် ရောင်းသူများ၏ စွမ်းဆောင်ရည်များကို အလွယ်တကူ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။

Flexible

APOS က အမျိုးမျိုးသော စီးပွားရေးများအတွက် လိုအပ်သည်များကို ပိုမိုကောင်းမွန်စွာ အသင့်လျော်ဆုံး ဖြစ်အောင် ထောက်ပံ့ပေးထားပါတယ်။bills များကို ယာယီ သိမ်းထားနိုင်ပြီး နောက်မှ ပြန်လည် အသုံးပြုနိုင်အောင် ပြုလုပ်ထားပါတယ်။ အသုံးပြုသူဟာ ငွေပေးချေ့ပြီးတဲ့နောက် ဒါမှမဟုတ် အချက်အလက်များကို scan ဖတ်ပြီးသောအခါ လက်ခံရရှိသည့် receipt ကို print ထုတ်နိုင်ပါတယ်။

Database အားကောင်းခြင်း

APOS ၏ front-end နှင့် back-end features နှစ်မျိုးစလုံးသည် Performace တည်ငြိမ်ခြင်းနှင့် မြန်နှုန်းတွင် နာမည်ကျော်ကြားသော Microsoft SQL Server တွင် run ပါတယ်။ ထို့ကြောင့် data များ ပျက်စီးခြင်းကို လျော့ချပေးပါတယ်။

လူကြီးမင်း၏ အချိန်ကို သက်သာစေခြင်း

APOS သည် ကီးဘုတ်နှင့် အလုပ်လုပ်နိုင်ရန် Short-cut key များကို သေချာရှင်းလင်းစွာ ဖော်ပြထားသောကြောင့် POS၏ လုပ်ငန်းဆောင်ရွက်ချက်များကို ပိုမိုလွယ်ကူစွာနှင့် အချိန်တိုတို ၀င်ရောက်နိုင်ပါတယ်။